အဖွဲ့ဝင် ညီအစ်ကိုမောင်နှ၊ မိသားစုများ အားလုံးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများအတွက်သတင်းကောင်းလေးတစ်ခုရှိပါတယ်။ (ယခုကာလအတွင်း ဆေးရုံ၊ ဆေးခန်းသွားဖို့အခက်အခဲများနှင့်ကျန်းမာရေးအတွက်ငွေကြေးကုန်ကျမှုများအားလျှော့ချနိုင်‌စေရန်ရည်ရွယ်ပါသည်။) ကျွန်တော်တို့အားလုံးရဲ့ GGG family, စိမ်းလန်းဥယျာဉ်အဖွဲ့ (Green Garden Group)တွင် လစဉ်အလှူငွေတစ်ထောင်ကို လစဉ်/နှစ်စဉ် မပျက် လှူဒါန်းပေးနေခဲ့ကြသောအဖွဲ့ဝင်အားလုံးနှင့် ၎င်းတို့၏မိသားစုများအတွက် ဆရာဝန်များနှင့်အခမဲ့ဆွေးနွေးတိုင်ပင်နိုင်သော OnDoctor mobile application voucher code များကို Dec 2021 တွင် ဖြန့်ဝေလှူဒါန်းပေးသွားမည်ဖြစ်ပါသည်။ ယခုကာလအတွင်း ဆေးရုံ၊ ဆေးခန်းသွားဖို့အခက်အခဲများနှင့်ကျန်းမာရေးအတွက်ငွေကြေးကုန်ကျမှုများအားလျှော့ချနိုင်‌စေရန်ရည်ရွယ်၍ ကျွန်တော်တို့အဖွဲ့ဝင်ညီအစ်ကိုမောင်နှမ၊ မိသားစုများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်များ၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများအား ယခု ၂၀၂၁ နှစ် ဒီဇင်ဘာလမှစတင်၍ ၂၀၂၂ နှစ်အတွင်း Green Garden Group နှင့် OnDoctor Company Limited (https://ondoctor.com.mm) တို့ပူးပေါင်း၍ ကျန်းမာရေးထောက်ပံ့ရေးအစီအစဉ်များကိုပြုလုပ်သွားမည်ဖြစ်ပါသည်။ ယနေ့ထိစာရင်းအရ အဖွဲ့တွင်အဖွဲ့ဝင်စုစုပေါင်း ၅၈၀ ရှိပြီး။ Active မဖြစ်တော့သော အဖွဲ့ဝင်များလည်းရှိခြင်းကြောင့်လည်းကောင်း၊ အဖွဲ့၏ fund စိစစ်သုံးစွဲရခြင်းကြောင့်လည်းကောင်း အဖွဲ့ဝင်အားလုံး (၅၀၀ ကျော်စလုံး)ကို Voucher code ထောက်ပံ့ပေးနိုင်မည်မဟုတ်ပဲ အောက်ပါအချက်များနှင့်ကိုက်ညီသော အဖွဲ့ဝင်များကိုသာ Voucher code များ လှူဒါန်းပေးနိုင်မည်ဖြစ်ခြင်းကို နားလည်ပေးပါရန် ဦးစွာပန်ကြားအပ်ပါသည်။ ?အဖွဲ့ဝင်အဟောင်းများအနေဖြင့် အနည်းဆုံး ၂၀၂၁ အတွက်လစဉ်အလှူငွေ (၁၂၀၀၀ ကျပ်)လှူဒါန်းထားသော active member ဖြစ်ရပါမယ်။ (ဒါကြောင့် ၂၀၂၁ အတွက်လစဉ်အလှူငွေမလှူရသေးရင် နီးစပ်ရာတာဝန်ခံမှတဆင့်လှူဒါန်းလိုက်ပါနော်)။ ?အဖွဲ့ဝင်အသစ်များအနေဖြင့် စတင်လှူဒါန်းသောလမှစတင်၍ လစဉ်အလှူငွေတစ်နှစ်အတွက် ၁၂၀၀၀ ကျပ်ရှိသောအဖွဲ့ဝင်ဖြစ်ရပါမယ်။ ?Voucher code များပေးပို့လှူဒါန်းခြင်းအစီအစဉ်ဖြစ်ပေါ်လာရေးအတွက် အဖွဲ့တာဝန်ခံများစုပေါင်းတိုင်ပင်၍ အဖွဲ့၏ budget နှင့်အဖွဲ့ဝင်များ အားလုံးအတွက် အတတ်နိုင်ဆုံးအဆင်ပြေနိုင်မည့် plan ဆွဲထားခြင်းဖြစ်သည့်အတွက် လိုအပ်ချက်များ၊ အဆင်မပြေမှုများရှိခဲ့ရင်လည်း မေတ္တာဖြင့်သာခွင့်လွှတ်ပေးပါရန် ပန်ကြားအပ်ပါသည်။ ?ထို့အပြင် Voucher code များအား mobile message နှင့် email မှတဆင့်အဖွဲ့ဝင်တစ်ဦးချင်းစီအား သီးသန့်ပို့ပေးမည်ဖြစ်ပါသဖြင့် မိမိတို့လက်ရှိအသုံးပြုနေသော update phone number နှင့် email address များအား မိမိတို့နှင့် နီးစပ်ရာ/သက်ဆိုင်ရာ တာဝန်ခံများသို့ အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ https://apps.apple.com/us/app/id1523808555 https://play.google.com/store/apps/details... https://appgallery.huawei.com/#/app/C101926685 မြန်မာပြည်ကြီးနှင့်တကွ အဖွဲ့ဝင်များအားလုံးတို့သည် ကပ်ဘေးကင်းကွာ ကျန်းမာချမ်းသာကြ၍ ပျော်ရွှင်ချမ်းမြေ့သောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေကြောင်း အဖွဲ့မှဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။ ☘️???????

0 Comments

Leave a comment