ယခု Post အား Share ပေးခြင်းဖြင့် ပါဝင်ကုသိုလ်ယူနိုင်ပါစေကြောင်း ကုသိုလ်အကျိုးမျှော်၍ နှိုးဆော်လိုက်ပါသည်။ ​ သင်္ခရိုင်​ ​ပရဟိတကျောင်းသို့အလှူ ------------------------------------------------------- ကျွန်တော်များ စိမ်းလန်းဥယျာဉ်အဖွဲ့ (Green Garden Group)၏ ၂၀၁၈ ၏ ပထမဦးဆုံးအလှူ၊ နှစ်သစ်ကူးအလှူအဖြစ် တောင်ငူ၊ ဆွာ YGW ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်သွားရောက်လှူဒါန်းရန် ရည်ရွယ်ထားသော်လည်း ယခုကာလဒါနအချိန်အခါအရ အလွန်အကူအညီလိုအပ်လျှက်ရှိသော မီး​လောင်​မှု​ကြောင်​့ ပျက်​စီးဆုံးရှုံးသွား​သော​နေရာရှိမိဘမဲ့ကလေးငယ် ၂၇ဝကျော် ခိုလှုံနေတဲ့ ပဲခူးတိုင်​း​ဒေသကြီး ကြို့ပင်ကောက်မြို့နယ်​ ရုံးချောင်းကျေးရွာအုပ်စု၊ သင်္ခရိုင်ကျေးရွာ၊ (ဒီဇင်ဘာ ၂၀၁ရ တွင် မီးလောင်ကျွမ်​းမှု ဖြစ်​ပွားခဲ့​သော) သင်္ခရိုင်​ ​ပရဟိတကျောင်းတွင်​ ယခုလ ၂၁ ရက်​ (တနင်္ဂနွေ)နေ့တွင်သွား​ရောက်​ကာလှူဒါန်​း​မည်​ဖြစ်​ပါသည်​ခင်​ဗျာ။ အဆိုပါ မီး​ဘေး​ကြောင်​့ ၂ထပ်​​ကျောင်​း​ဆောင်​တစ်​​ဆောင်​နှင့်​ စာသင်​ခုံ အလုံး ၄ဝ ​ကျော်​၊ ဗီဒို ၅ လုံး နှင့်​ က​လေးအ​ယောက်​ ၅ဝ ​ကျော်​၏ အဝတ်​အစားများနှင့်​ ​သေတ္တာများ မီး​လောင်​ ဆုံးရှုံးခဲ့​​ကြောင်​း ကြားသိရပါသည်​။ မီး​လောင်​ကျွမ်​းသွားသည့်​ ၂​ထပ်​​ကျောင်​း​ ဆောင်​​အောက်​ထပ်​တွင်​ KG တန်​းမှ တတိယတန်​းအထိ ​ကျောင်​းသားများ ကို စာသင်​ကြား ​ပေး​နေပြီး အ​ပေါ်ထပ်​တွင်​ အသက်​ ၄ နှစ်​မှ ၈ နှစ်​အထိ က​လေး အ​ယောက်​ ၅ဝ ကို ထား​ကြောင်​းကြားသိရပါသည်​။ သို့ဖြစ်ပါ၍ မူလရည်ရွယ်ထားသောအလှူခရီးစဉ်အစား သင်္ခရိုင်​​ပရဟိတကျောင်းသို့သာ အ​ခြေအ​နေအရပ်​ရပ်​​ကြောင်​့လှူဒါန်​းသွားမည်​ဖြစ်​​ကြောင်​းနှင့် စေတနာရှင်များ နည်းများမဆိုကုသိုလ်ပါဝင်နိုင်ပါရန် ကုသိုလ်အကျိုးမျှော်၍ လေးလေးနက်နက်တိုက်တွန်းနှိုးဆော်လိုက်ပါရစေ။ **ကျွန်​​တော်​တို့အဖွဲ ့သည်​ Facebook မှတဆင့်စိတ်ပါဝင်စားလှူဒါန်းလိုသည့်စေတနာရှင်များ၊ ရင်​းနှီးသော မိတ်​​ဆွေသူငယ်​ချင်​းများနှင့် နီးစပ်ရာ စေတနာရှင်များကိုသာ လက်လှမ်းမီသလောက် အလှူငွေလက်ခံကာ အတူတူကွကုသိုလ်ယူခြင်းသာဖြစ်၍ အခြားမည်သည့်နေရာတွင်မှ (အကြောင်းပြချက်တစ်ခုခုဖြင့်)အလှူငွေကောက်ခံစေခြင်းမရှိပါ။** သို့ပါ၍ အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များအားလုံးတို့သည် ကျွန်တော်များ စိမ်းလန်းဥယျာဉ်အဖွဲ့ (Green Garden Group)၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ယခု အကူအညီလိုအပ်လျှက်ရှိသော သင်္ခရိုင်​ ​ပရဟိတကျောင်းသို့ လှူဒါန်းမှုတွင် နည်းများမဆိုလှူဒါန်းနိုင်ပါရန် ကုသိုလ်အကျိုးမျှော်တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ ***အလှူငွေနှင့်လှူဖွယ်ပစ္စည်းများလှူဒါန်းလိုသူများ၊ ကိုယ်တိုင်ကိုယ်ကျလိုက်ပါလှူဒါန်းလိုသူများ အနေဖြင့် ၁၉-၁-၂၀၁၈ (သောကြာနေ့) နောက်ဆုံးထား၍ အောက်ပါတာဝန်ခံများသို့ဆက်သွယ်စာရင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။*** ဆန်တစ်အိတ် - ၂၅၀၀ဝိ ဆီ ၁ဝ ပိဿာတစ်ပုံး - ၂၀၀၀ဝိ နှင့် နည်းများမဆို ကုသိုလ်ပါဝင်ကြပါလို့ထပ်မံတိုက်တွန်းနှိုးဆော ်လိုက်ပါရစေ... ၁။ ကိုသက်နိုင်ဝင်း (ခေတ်ကွန်ပျူတာ) - ဝ၉ ၄၂၁၇၁၆၂၆၄ ၂။ ကိုအောင်သူဟိန်း - ဝ၉ ၇၉၅၄၈၁၂၈၁၊ ဝ၉၄၂၀၀၈၀၂၉၆ ၃။ ကိုထူးအောင် - ဝ၉ ၂၅၄၀၀၇၂၅၀ ၄။ ဒေါက်တာစုဝေဖြိုး - ဝ၉ ၄၃၀၂၆၉၇၀၊ ဝ၉ ၇၉၆၇၉၄၇၀၁ ၅။ မဝါဝါနိုင် - ဝ၉ ၅၁၇၃၈၄၈ ၆။ မသိင်္ဂ ီအောင် - ဝ၉ ၄၂၀၀၅၀၄၉၀/ ဝ၉ ၇၉၀၂၂၅၂၉၅ ၇။ ဒေါ်ဝေလဲ့ရည်၊ - ဝ၉ ၉၇၅၀၄၇၂၈၄၊ ဝ၉ ၇၉၈၃၁၃၂၇ရ နိုင်ငံရပ်ခြားမှစေတနာရှင်အလှူရှင်များအတွက်လည်းအောက်ပါတာဝန်ခံများသို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ ၁။ ကိုချမ်းမင်းပိုင် (ကိုရီးယား) - +821092482213 ၂။ ဒေါ်ခင်ထွေး (အမေရိကန်) - +15105579979 ၃။ Mdm. Miranda Lim (USA) - +17025781511 ၄။ မထက်ထက်အောင် (ဂျပန်) - +818048791983 ၅။ မစန္ဒာကြူကြူခင် (စင်္ကာပူ) - +65 92378440 ******************** လိုအပ်နေရာ ဒီချိန်ခါမှာ ကူညီဖေးမ ကုသလကြောင့် ကောင်းကျိုးလိုရာ ရှိချိန်ခါတိုင်း မနှေးမကြာ မြန်စွာပြည့်ကြောင်း ဆုမွန်တောင်းသည် နတ် လူ သာဓုခေါ်စေသော်။ ပရဟိတအဖွဲ့များနှင့် စေတနာရှင် မိဘပြည်သူများအနေဖြင့် အဆိုပါကျောင်းသို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းလှူဒါန်းလိုပါက ဆရာတော် ဦးသုမန ဖုန်း - 09 431 566 32 // 09 770 777 559 သို့လည်း တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ ​​စေတနာရှင်​များအား ​လေးစားစွာဖြင်​့

1 Comments

  • khinzawmyo.greengardengroup.org

Leave a comment