အောင်ဇမ္ဗူပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း လူငယ်ဖွံ့ ဖြိုးရေးပရဟိတဂေဟာ(ကော့မှူး) ------------------------------------------------------------------- မိဘမဲ့ ကျောင်းအိပ်၊ ကျောင်းစား - ၂၃ဝ ယောက် ပြင်ပမှ ချို့တဲ့ကျောင်းသား/သူ - ၆၅ဝ ယောက် စုစုပေါင်း အယောက် ၈၈ဝ ကျော်အား စောင့်ရှောက်ပညာသင်ကြားပေးလျက်ရှိသော အောင်ဇမ္ဗူပရိယတ္တိ စာသင်တိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း လူငယ်ဖွံ့ ဖြိုးရေး ပရဟိတဂေဟာသို့ ၁၉-၇-၂၀၁၆ (အဂါင်္နေ့)တွင် ကျွန်တော်များ စိမ်းလန်းဥယျာဉ်အဖွဲ့ (Green Garden Group)မှ သွားရောက်လှူဒါန်းပါမည်။ ထိုကျောင်းတွင် မူလတန်း မှ အထက်တန်းထိပညာသင်ကြားပေးပြီး၊ ကျောင်းအိပ်/ကျောင်းစားကလေးများအား တက္ကသိုလ်ထိ ပညာသင်ကြားနိုင်ရန် ထောက်ပံ့ပေးနေပါသည်။ ်ကလေးများအတွက် စားရေးသောက်ရေး၊ အဝတ်အထည် ၊ ကျောင်းသုံးစာရေးကိရိယာများ နှင့် အခြားလိုအပ်ချက်များ ရှိနေပါသည်။ သို့ဖြစ်ပါ၍ အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များအားလုံးတို့သည် ကျွန်တော်များ စိမ်းလန်းဥယျာဉ်အဖွဲ့ (Green Garden Group)၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ယခု အောင်ဇမ္ဗူပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ သို့သွားရောက်လှူဒါန်းမှုတွင် သဒ္ဓါတရားထက်သန်စွာဖြင့် နည်းများမဆိုပါဝင်လှူဒါန်းနိုင်ပါရန် ကုသိုလ်အကျိုးမျှော်တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ ***အလှူငွေနှင့်လှူဖွယ်ပစ္စည်းများလှူဒါန်းလိုသူများ၊ ကိုယ်တိုင်ကိုယ်ကျလိုက်ပါလှူဒါန်းလိုသူများ အနေဖြင့် ၁၅-၇-၂၀၁၆ (သောကြာနေ့) နောက်ဆုံးထား၍ အောက်ပါတာဝန်ခံများသို့ဆက်သွယ်စာရင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။*** ၁။ ကိုသက်နိုင်ဝင်း (ခေတ်ကွန်ပျူတာ) - ဝ၉ ၄၂၁၇၁၆၂၆၄ ၂။ ကိုဝင်းသူရိန် - ဝ၉ ၉၇၃၉၃၉၉၉၃ ၃။ ကိုအောင်သူဟိန်း - ဝ၉ ၇၉၅၄၈၁၂၈၁၊ ဝ၉၄၂၀၀၈၀၂၉၆ ၄။ ကိုထူးအောင် - ဝ၉ ၂၅၄၀၀၇၂၅၀ ၅။ မဝါဝါနိုင် - ဝ၉ ၅၁၇၃၈၄၈ ၆။ မသိင်္ဂ ီအောင် - ဝ၉ ၄၂၀၀၅၀၄၉၀/ ဝ၉ ၇၉၀၂၂၅၂၉၅ ၇။ မဆွေဇင်ထွန်း - ဝ၉ ၄၂၁၀၇၉၄၉၅ / ဝ၉၂၆၂၃၉၆၆၆၄ ************************************************************* မိမိတို့အားလပ်ချိန်တွင်သီးသန့်သွားရောက်လှူဒါန်းလိုပါကလည်း ဆရာတော် ဥူးဩဘာသ(၀၉ ၇၉၆၈၁၄၈၂၂) သို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

2 Comments

  • လှူချင်ပါတယ်။ ဆက်သွယ်ပေးပါ။ ဝ၉၄၂၀၀၇၆၉၆၁

  • ငွေစိုက်လှူထားပေးလို့ရမလားဗျာ။ ကျွန်တော်အဝေးရောက်နေလို့ပါ။ ၀၉၇၉၆၇၉၄၀၀

Leave a comment