အဖွဲ့ဝင်များနှင့် စေတနာရှင်များအားလုံးကို ကုသိုလ်အကျိုးမျှော်နှိုးဆော်လိုက်ပါသည်။ ကျွန်တော်တို့တွေ ဒီတစ်ခေါက်တော့ ဘဝနေဝင်ချိန်ကို ညှိုးငယ်စွာဖြတ်သန်းနေကြတဲ့ အဖိုးအဖွားများရှိရာ... အားကိုးမှီတွယ်ရာမရှိတဲ့ ဒီဘဝမှာ ကိုယ်နာမကျန်းသူများရှိရာ... အကောင်း/အဆိုး၊ အကြောင်း/အကျိုးဘာတစ်ခုမှ မသိ လူဖြစ်ရှုံးရှာသော စိတ်ကျန်းမာရေးမကောင်းသူများလည်းရှိရာ.. အနာဂါတ်ရဲ့ကြယ်ပွင့် အပြစ်ကင်းတဲ့ ကလေးငယ်လေးများလည်း ရှိရာ... မှော်ဘီမြို့၊ အောက်ဝါးနက်ချောင်းကျေးရွာရှိ လူမှုစောင့်ရှောက်ရေးစခန်းလေးသို့ ၃-၄-၂၀၁၆ (တနင်္ဂနွေနေ့)တွင် ဆန်၊ ဆီ၊ ဆေး၊ အစားအသောက်များနှင့် အခြားသောလိုအပ်ဖွယ်ရာများ သွားရောက်လှူဒါန်းမည်ဖြစ်ပါသည်။ ခြေလက်မသန်စွမ်းသူတွေ၊ စိတ်ရောဂါရှင်တွေ၊ လမ်းဘေးကကယ်ဆယ်ခဲ့တဲ့ဘိုးဘွားတွေကိုစောင့်ရှောင့်ထားတဲ့စခန်းပါ။ ဒီစခန်းရှိတာဆယ်နှစ်လောက်ရှိပေမယ့် လူတော်တော်များများမသိကြပါဘူး။ လောလောဆယ် စားရေးသောက်ရေး နေထိုင်ရေးချိုု့တဲ့နေပါတယ်။ လူစုစုပေါင်း ၈ဝ ကျော်ရှိပြီးအချိန်ပိုင်းသာလုပ်အား ပေးနိုင်တဲ့စေတနာရှင်အနည်းငယ်ရဲ့လုပ်အားနဲ့နေ့စဉ်ရုန်းကန်နေရရှာပါတယ်။ (အရင်ကဆိုဒီနေရာလေးမှာရှိကြတဲ့သူတွေဟာ ရှင်ခြင်း နဲ့သေခြင်းကြား ပါးလွှာတဲ့ စက္ကူတစ်ရွက်လိုတစ်ဖြုတ်ဖြုတ်ကြွေခဲ့ကြပါတယ်။လိုအပ်တဲ့အာဟာရမရရှိတာကတစ်ကြောင်း၊လိုအပ်တဲ့ဆေးရှောက်မှု မရှိတာကတစ်ကြောင်း... အဲဒါတွေကြောင့်ဖြစ်ပါတယ်။) အခုလက်ရှိ သူတို့ရဲ့လိုအပ်ချက်ကတော့အစားအသောက်, အဝတ်အစားတွေနဲ့ကျန်းမာရေးဆိုင်ရာဆေးဝါးပစ္စည်းတွေပါ။ သို့ဖြစ်ပါ၍ အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များအားလုံးလည်း နည်းများမဆိုလှူဒါန်းနိုင်ပါရန် ကုသိုလ်အကျိုးမျှော်တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ ***အလှူငွေနှင့်လှူဖွယ်ပစ္စည်းများလှူဒါန်းလိုသူများ၊ ကိုယ်တိုင်ကိုယ်ကျလိုက်ပါလှူဒါန်းလိုသူများ အနေဖြင့် ၃၁-၃-၂၀၁၆ (ကြာသပတေးနေ့) နောက်ဆုံးထား၍ အောက်ပါတာဝန်ခံများသို့ဆက်သွယ်စာရင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။*** ၁။ ကိုဖြိုးပြည့်စိုး - ဝ၉ ၄၂၀၀၇၆၉၆၁ ၂။ ကိုသက်နိုင်ဝင်း (ခေတ်ကွန်ပျူတာ) - ဝ၉ ၄၂၁၇၁၆၂၆၄ ၃။ ဦးဝင်းသူရိန် - ဝ၉ ၉၇၃၉၃၉၉၉၃ ၄။ ဦးလင်းထက်နိုင် - ဝ၉ ၄၃၁၅၄၆၈၀ ၅။ ကိုထူးအောင် - ဝ၉ ၂၅၄၀၀၇၂၅၀ ၃။ ဒေါ်ဝါဝါနိုင် - ဝ၉ ၅၁၇၃၈၄၈ ၄။ မသိဂီင်္အောင် - ဝ၉ ၄၂၀၀၅၀၄၉၀/ ဝ၉ ၇၉၅၄၉၀၉၄၀၊ ၅။ မဟန်နွယ်ငြိမ်း - ဝ၉ ၃၁၃၉၃၆၁၇ ၆။ မခင်ဝေဝေနှင်း - ဝ၉ ၇၉၀၁၅၇၁၇၉ နိုင်ငံရပ်ခြားမှုလူဒါန်းလိုသူများသည်လည်း အောက်ပါတာဝန်ခံများသို့ဆက်သွယ်လျူဒါန်းနိုင်ပါသည်။ ၁။ ကိုဟန်သာသိန်းဝင်း (မလေးရှား) - +06 0182663241 ၂။ ကိုချမ်းမင်းပိုင် (ကိုရီးယား) - +82 1092482213 ၃။ မထက်ထက်အောင် (ဂျပန်) - +815037177074 ၄။ မစန္ဒာကြူကြူခင် (စင်္ကာပူ) - +6592378440 ၅။ Mdm. Miranda Lim (USA) - +17025781511

0 Comments

Leave a comment