၉-၂-၂၀၁၆(အင်္ဂါနေ့)နဲ့ ၁၀-၂-၂၀၁၆ (ဗုဒ္ဓဟူး)နေ့၊ ၁၁-၂-၂၀၁၆(ကြာသပတေးနေ့)တွေမှာ စိမ်းလန်းဥယျာဉ်အဖွဲ့ (Green Garden Group)မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ရေသန့် ၂ဝ လီတာဘူးကြီး အလုံး ၁၀၀၊ ကြက်သားဆန်ပြုတ် လူဦးရေ ၅၀ဝ စာ၊ ကြက်ဥ၊ ကွေကာ၊ မုန့် လူဦးရေ ၈၀ဝ စာ၊ ရန်ကုန်ဆေးရုံကြီးတွင်ဦးဆောင်လှူဒါန်းမှုများပြုလုပ်နေသော ရှင်ရေးကူညီမှုအသင်းအား အလှူငွေလှူဒါန်းခြင်းနှင့် လုပ်အားပေးခြင်းများကို မနက် ၅ နာရီမှ မနက် ရ နာရီခွဲအထိပြုလုပ်လှူဒါန်မည်ဖြစ်ပါသဖြင့် အဖွဲ့ဝင်များ၊ စေတနာရှင်များအား လုပ်အားပေးလိုက်ပါနိုင်ရန်၊ နည်းများမဆိုဆက်သွယ်လှူဒါန်းနိုင်ပါရန်နှင့်အဖွဲ့၏အကျိုးပြုလုပ်ငန်းများတွင်တတ်စွမ်းသမျှပါဝင်လှူဒါန်းနိုင်ပါရန် ကုသိုလ်အကျိုးမျှော်တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ ကူညီလုပ်အားပေးလှူဒါန်းလိုသူများအနေဖြင့် ၇-၂-၂၀၁၆(တနင်္ဂနွေနေ့)နောက်ဆုံးထား၍ အောက်ပါတာဝန်ခံများသို့ဆက်သွယ်စာရင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ၁။ ကိုဖြိုးပြည့်စိုး - ဝ၉ ၄၂၀၀၇၆၉၆၁ ၂။ ကိုထူးအောင် - ဝ၉ ၂၅၄၀၀၇၂၅၀ ၃။ ဒေါ်ဝါဝါနိုင် - ဝ၉ ၅၁၇၃၈၄၈ ၄။ မသိဂီင်္အောင် - ဝ၉ ၄၂၀၀၅၀၄၉၀/ ဝ၉၇၉၅၄၉၀၉၄၀၊ ၅။ မဟန်နွယ်ငြိမ်း - ဝ၉ ၃၁၃၉၃၆၁၇

0 Comments

Leave a comment