SCHOLARSHIPS FOR STREET KIDS (S4SK) သည် UK တွင် မှတ်ပုံတင်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ၁၉-၆-၂၀၁၅ (သောကြာနေ့)တွင် Green Garden Group (စိမ်းလန်းဥယျာဉ်အဖွဲ့)နှင့် မြန်မာနိုင်ငံအခြေစိုက် S4SK-M အဖွဲ့အစည်းတည်ထောင်သူ John A McConnell (Chief Adviser/Managing Trustee) နှင့် ဆရာမဒေါ်အေးအေးသင်း (Project Manager)တို့နှင့် ပညာရေးနှင့်ပတ်သက်၍ အမှတ်မထင်တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ပါသည်။ ယနေ့ ၄-၁၂-၂၀၁၅ (သောကြာနေ့) နေ့လည် ၃ နာရီအချိန်တွင် Green Garden Group (စိမ်းလန်းဥယျာဉ်အဖွဲ့)နှင့် S4SK ၏ Project Manager ဖြစ်သော ဆရာမဒေါ်အေးအေးသင်းတို့ S4SK-M office တွင် ထပ်မံတွေ့ဆုံဆွေးနွေးဖြစ်ခဲ့ပါသည်။ ဆွေးနွေးမှုရလာဒ်အဖြစ် Green Garden Group (စိမ်းလန်းဥယျာဉ်အဖွဲ့)၏ ရည်ရွယ်ချက်နံပါတ်တစ် ဖြစ်သော “၁။ လူငယ်များ၏ ပညာရေးလိုအပ်ချက်များ” အတွက် လှည်းကူးမြို့နေလူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့ပါသည်။ ပူးပေါင်းဆောာင်ရွက်မှု ဦးစွာပဏာမအဖြစ် - Green Garden Group (စိမ်းလန်းဥယျာဉ်အဖွဲ့)တာဝန်ခံများ၏ထောက်ခံချက်ဖြင့် ကလေးငယ်များအား Educational Training စီစဉ်ပေးခြင်း - Green Garden Group (စိမ်းလန်းဥယျာဉ်အဖွဲ့)၏ စီစဉ်ဆောင်ရွက် ပေးမှုများ အတိုင်း Vocational Training များစီစဉ်ပေးခြင်း စသည်တို့အား S4SK ၏ Vision, Mission, and Target များအတိုင်း ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ (Green Garden Group (စိမ်းလန်းဥယျာဉ်အဖွဲ့)တာဝန်ခံများရှိရာ အခြားသောတိုင်းနှင့်ပြည်နယ်အသီးသီးနှင့် မင်္ဂလာဒုံ၊ ပဲခူး၊ ပခုက္ကူ၊ ပြည် မြို့များတွင်လည်း S4SK ၏ Educational and Vocational Training များတိုးချဲ့ဖွင့်လှစ်နိုင်ရန်လည်း လျာထားလျက်ရှိပါသည်။) ****************************************************************** သို့ပါ၍ ပညာသင်ကြားလိုသော (လှည်းကူးမြို့နယ်အတွင်းတွင်နေထိုင်သူ)အသက် ၈ နှစ်မှ ၁၅ နှစ်အတွင်း ကျောင်းနေရန်အခက်အခဲရှိသည့် ဆင်းရဲနွမ်းပါးကလေးငယ် ကျား/မ များနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုခုသင်ကြားလိုသော ဆင်းရဲနွမ်းပါးကလေးငယ် ကျား/မ များရှိပါက အောက်ပါ Green Garden Group (စိမ်းလန်းဥယျာဉ်အဖွဲ့)တာဝန်ခံများသို့ဆက်သွယ်အကြောင်းကြားပေးပါရန်မေတ္တာရပ်ခံလိုက်ပါသည်။ ၁။ ဦးဖြိုးပြည့်စိုး - ဝ၉ ၄၂၀၀၇၆၉၆၁ ၂။ ဦးလင်းထက်နိုင် - ဝ၉ ၄၃၁၅၄၆၈၀ ၃။ ဦးဝင်းသူရိန် - ဝ၉ ၉၇၃၉၃၉၉၉၃ ၃။ ဦးသက်နိုင်ဝင်း (ခေတ်ကွန်ပျူတာ) - ဝ၉ ၄၂၁၇၁၆၂၆၄ ၄။ ဦးဇေယျာကို (Moe Paw Internet Café) - ဝ၉ ၇၉၀၁၄၀၂၄၀ ၅။ ဦးမိုးကျော် (ရိုးရိုးလေးကဖီး) - ဝ၉ ၄၂၀၁၁၉၈၉၃ လိုအပ်သောအချက်အလက်များမှာ ....... ကလေးအမည် - မွေးသက္ကရာဇ် / အသက် - အဖအမည် - အမိအမည် - အမြဲတမ်းနေရပ်လိပ်စာ - လက်ရှိနေရပ်လိပ်စာ - အဖအလုပ်အကိုင် - အမိအလုပ်အကိုင် - ကလေးအလုပ်အကိုင်(ရှိပါက) - အတန်းပညာ - ဖခင် - - မိခင် - - ကလေး - သင်ယူလိုသောအသက် - မွေးဝမ်းကျောင်းပညာ (သင်ယူလိုပါက) http://s4sk.org.uk http://www.greengardengroup.org

0 Comments

Leave a comment