ကလေးငယ်လေးတွေကစ တက္ကသိုလ်ကျောင်းနေရွယ်ထိ ၂၃၀ဝ ကျော်သော ကလေးတွေကိုစောင့်ရှောက်နေသော အောင်ဇေယျာမင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(လှိုင်သာယာ)ဆရာတော်ရဲ့ကြည်နူးဖွယ်၊ စိတ်မကောင်းဖွယ် ကျေးဇူးတင်စကားလေးက ကြက်သီးများတောင် ထ မိပါတယ်။ "အချိန်အကြာကြီး လေးလံတဲ့ဝန်ထုပ်ဝန်ပိုးတစ်ခုကိုထမ်းပြီး ခရီးအဝေးကြီးကိုသွားနေတဲ့ လူတစ်ယောက်ကို ကူပြီးထမ်းပိုးပေးတဲ့သူတစ်ယောက်ရောက်လာသလိုပါပဲ" ဟု ကျွန်တော်တို့အဖွဲ့ကို မိန့်ကြားတဲ့ကျေးဇူးတင်စကားကိုကြားမိချိန်မှာ ဆရာတော်ရဲ့ထမ်းထားတဲ့ ဝန်တွေ၊ ကလေးတွေရဲ့ချို့တဲ့အားငယ်နေသော အကူအညီတောင်းခံနေသော မျက်နှာလေးတွေကိုတွေးမြင်မိလို့စိတ်မကောင်းဖြစ်မိသလို ကျွန်တော်တို့ရဲ့အလှူအတွက် မျက်ရည်ဝဲ ကြက်သီးထမိပါသည်။ ဆန် ၁၅ အိတ်၊ ဆီ ၂ ပုံး၊ စာအုပ်ဒါစင် ၁၀ဝ ကျော်၊ စာရေးကိရိယာများ၊ အဝတ်အထည်၊ စားသောက်ဖွယ်များနှင့် အလှူငွေ ၃၀၀၀၀ဝ (သုံးသိန်း) စုစုပေါင်းတန်ဖိုး ၁ဝ သိန်းခန့်လှူဒါန်းခဲ့ပါသည်။ စိမ်းလန်းဥယျာဉ်အဖွဲ့ (Green Garden Group)တွင် လစဉ်အလှူငွေ ၁၀၀၀(တစ်ထောင်ကျပ်)လှူဒါန်းနေသောအဖွဲ့ဝင်များနှင့် ယခင် ယခု အလှူရှင်းများအားလုံးတို့သည် ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခဲ့သူများနှင့် ထပ်တူထပ်မျှကုသိုလ်ရ၍ ကျန်းမာချမ်းသာကြပါစေ~~~~

0 Comments

Leave a comment