ဇလွန်မြို့ရေဘေးအတွက် တကယ်လိုအပ်လျှက်ရှိသောကျေးရွာသို့ အဖွဲ့ဝင်များကိုယ်တိုင် သွားရောက်လှူဒါန်းဖြစ်ခဲ့ပါသည်။ ချွေးသန်တစ်ရွှဲရွှဲကြားက ရေစီးသန်သော ရေပြင်ကျယ်ကျယ်ကျယ်မှာ စက်လှေ ၂ နာရီကျော်စီးပြီးလှူဒါန်းလိုသော ရွာအရောက်သွားရောက်၍ အောင်မြင်စွာလှူဒါန်းနိုင်ခဲ့ပါသည်။ ရေသန့်၊ ဆန်၊ ဆီ၊ ဆား၊ ဆေး၊ စားဖွယ်များ၊ အဝတ်အထည်၊ အမျိုးသမီးအသုံးအဆောင်ပစ္စည်းများနျှင့် လိုအပ်သောပစ္စည်များ စုစုပေါင်းတန်ဖို့ သိန်း ၂ဝ ခန့် အားသွားရောက်လှူဒါန်းခဲ့ပါသည်။ အဖွဲ့ဝင်များနျှင့် စေတနာရှင်များအားလုံး ကုသိုလ်အကျိုးကို ထပ်တူထပ်မျှရရှိ ခံစားနိုင်ကြပါစေ။

0 Comments

Leave a comment