ရေအရမ်းကိုလိုနေပါတယ်~~~ လူများပါတယ်ဆိုတဲ့ အစွန်အဖျားရပ်ကွက်ထိ ခက်ခက်ခဲခဲသွားပြီး အမုန်းကိုလှူခဲ့ပါတယ်။ သူငယ်ချင်းတွေ ပင်ပမ်းတဲ့ကြားကပြောတဲ့စကားလိုပဲ အားရတယ် ကျေနပ်တယ် ဝမ်းလည်းဝမ်းသာတယ် ပင်ပမ်းရကျိုးနပ်ပါတယ်။ ၁၂ ဘီးကားကြီးနဲ့ ဂါလံ (၅၀) ဆံ့တိုင်ကီတွေ၊ ဂါလံ (၄၀၀) ဆံ့တိုင်ကီတွေ ရေသန့်အပြည့်ထည့်ပြီး နေပူကြဲတဲ ချွေးတွေရွှဲနစ်နေတဲ့ကြားက ဘယ်လောက်ပင်ပမ်းပါစေ ဒေသခံတွေရဲ့ "ရေလုံးဝသောက်စရာမရှိလို့ အလှူရှင်တွေကိုမျှော်နေတာ" ဆိုတဲ့စကားတစ်ခွန်းတည်းနဲ့ အားရတယ် ကျေနပ်တယ် စိမ်းလန်းဥယျာဉ်အဖွဲ့ (Green Garden Group)အဖွဲ့ဝင်များနဲ့တကွ ယခင်၊ ယခု အလှူရှင်များအားလုံး တို့သည် ကျွန်တော်တို့ကိုယ်တိုင် ကိုယ်ကျသွားရောက်လှူဒါန်းသူအဖွဲ့ဝင်များ၊ စေတနာရှင်များနှင့်အတူတကွ ကုသိုလ်အမျှရ၍ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ဆထပ်တိုး၍ပြည့်စုံကြပါစေ~~~ သာဓု သာဓု သာဓု

0 Comments

Leave a comment