မပြည့်စုံမှုတွေကတော့အများကြီးတွေ့ခဲ့ရပါတယ်။ တောထဲတောင်ထဲသာသွားရတယ် သစ်ရိပ်ဝါးရိပ်ဆိုလို့လည်းတစ်နေရာမှမရှိ ပူလွန်းတာတောင် သောက်စရာရေကလည်းအဆင်မပြေ။ အဖွဲ့ကလူတွေ စေတနာကောင်းချက်ကတော့ သောက်ဖို့ယူသွားတဲ့ရေတွေပါအကုန်လှူခဲ့လို့ လူ ၃၅ ယောက်ကို အပြန်လမ်းမှာ 1 Liter ရေသန့်ဘူးလေး တစ်ဘူးနဲ့ ပြန်လာခဲ့ရတယ်။ အချို့အဖွဲ့ဝင်တွေကလည်း လှူဒါန်းစရာတွေအပြင် ရွာထဲက မုန့်ဆိုင် တွေဆီက ဆိုင်လုံးပြတ်မုန့်တွေအကုန်ဝယ်ပြီး ကလေးတွေကိုဝေနေတာတွေလည်း အားရစရာ အလှူအတန်းကြီးပါပဲ။ နိဂုံးချုပ်အနေနဲ့တင်ပြရရင် နေပူပူ၊ ဖုန်ထူထူ ကြားမှာပဲ ခုမှစတင်တည်ထောင်ဆဲ လိုအပ်ချက်ပေါင်းများစွာရှိနေသောသဘာဝတရားရိပ်သာ၊ လှည်းကူးမြို့၊ သစ်နီပင်ကျေးရွာ သို့ ကျွန်တော်များ စိမ်းလန်းဥယျာဉ်အဖွဲ့ (Green Garden Group) သည် ဆန် ၁၂ အိတ်၊ ပဲဆီ ၁ဝ ပိဿာတစ်ပုံး၊ အာလူး အိတ်ကြီး ၂ အိတ်၊ အာဗြဲခြောက်၊ ငါးနီတူ၊ မာမား ခေါက်ဆွဲပုံးများ စတဲ့တာရှည်ခံအစားအစာများအပြင် ဗလာစာအုပ်၊ ဘောပင်၊ စာရေးကိရိယာများ၊ ဗဟုသုတ ဖတ်စာများ၊ အဝတ်အထည်များ နှင့် အလှူငွေ ၅၀၀,၀၀ဝ (ကျပ်ငါးသိန်းတိတိ) စုစုပေါင်း ၁၂ သိန်းကျော်တန်ဖိုးကိုလှူဒါန်းခဲ့ပါသည်။ ယခုလိုလှူဒါန်းခဲ့ရသော အကျိုးများအား စိမ်းလန်းဥယျာဉ်အဖွဲ့ (Green Garden Group) အဖွဲ့ဝင်များနှင့် စေတနာရှင်များအားလုံး သည် ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းသူများအားလုံးနှင့် ထပ်တူထပ်မျှရကြပါစေ…… အတ္တ၊ ပရ နှစ်ဖြာသောအကျိုးများ ဆထပ်ထမ်းပို့ ပြည့်ကြပါစေကြောင်း အဖွဲ့ကိုယ်စားဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

0 Comments

Leave a comment