ဒီတစ်ခေါက်တော့ တွံတေးမြို့၊ မင်္ဂလာပရဟိတကျောင်းသို့ ဒုတိယအကြိမ်အဖြစ် ဆန်၊ ဆီ၊ ငါးခြောက်၊ စာအုပ်စာတမ်း၊ ဘောပင်၊ အဝတ်အထည်၊ စောင် နှင့် အလှူငွေ စုစုပေါင်းတန်ဖိုး ၉၁၀,၁၇ဝိ (ကျပ်ကိုးသိန်းတစ်သောင်းတစ်ရာ့ခုနှစ်ဆယ်တိတိ)ကို လှူဒါန်းခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ စိမ်းလမ်းဥယျဉ်အဖွဲ့(Green Garden Group)အဖွဲ့ဝင်များ၊ စေတနာရှင်များအားလုံးရဲ့မွန်မြတ်တဲ့အလှူလေးအောင်မြင်စွာတစ်ခေါက်ပြီးဆုံးသွားပြန်ပါပြီ။ ဆရာတော်ကလည်း ဆုတွေပေးတဲ့အပြင် ကလေးရဲ့ ဆုတောင်းပေးသံ နှုတ်ဆက်သံတွေကလည်း ညံစည်လို့နေပါတယ်။ ဒါကြောင့် မင်္ဂလာပရဟိတကျောင်းဆရာတော်နဲ့ကလေးတွေဆုတောင်းပေးလိုက်သလိုပဲ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ဆထပ်တိုးပြီး ပြည့်စုံနိုင်ကြပါစေ...ယခုပြုလိုက်သော ကုသိုလ်ကို အမျှရ၍ ဝမ်းမြောက်ဝမ်းသာစွာသာဓုခေါ်ဆိုနိုင်ပါစေ.......

0 Comments

Leave a comment