သန်လျင်သဘာဝတရားကိုရောက်ရောက်ချင်းတော့ စိတ်အားထက်သန်စွာနဲ့ အားငယ်နေတဲ့ သူတို့မျက်နှာလေးတွေကိုကြည့်ပြီး "အဘိုးတို့ အဘွားတို့ သားတို့ ဆန်တွေ ဆီတွေ လာလှူတယ်.. မုန့်တွေ အချိုရည်တွေ ဆေးတွေလည်းပါတယ်.. ငွေလည်းလှူခဲ့မယ်နော်.." စသည်ဖြင့်စကားတွေနဲ့ အားပေးမိတယ်။ ကျွန်တော့သိပ်ချစ်ရတဲ့ ကျွန်တော့အဘွားရှိစဉ်ကပြောခဲ့သလိုပဲ "က ျန်းမာရေးဂရုစိုက်နေ်ာ.. ဘုရားတရားလည်းလုပ်နော်" စသည်ဖြင့် သူတို့ရဲ့ ဘဝနေဝင်ချိန်တွေကိုစိတ်ပူမိလို့က ျွန်တော့ပြောနေစဉ်မှာပဲ....... အဘိုးအဘွားတွေက "ကေ ျးဇူးတင်ပါတယ်.. သာဓု သာဓု သာဓုပါ.. အလှူ့ရှင်တွေ ကျန်းမာပါစေ ချမ်းသာပါစေ လိုရာဆန္ဒတွေလည်းပြည့်ပါစေ" ဆိုပြီး လက်အုပ်လေးချီပြီး တဖွဖွဆုတောင်းပေးနေတာလေးတွေကိုကြည့်ပြီး ရင်ထဲမှာမကောင်းလွန်းလို့ သူတို့နဲ့စကားပြောနေရင်း မ ျက်ရည်လည်လာပြီး ဘာမှဆက်မပြောနိုင်တော့ပဲ အခန်းပြင်ပြန်ထွက်လာခဲ့ရပါတယ်။ ၂ဝ ရက်နေ့ (စနေနေ့)တွင် သန်လ ျင်သဘာဝတရားရိပ်သာသို့ ကိုယ်တိုင်လိုက်ပါလှူဒါန်းမှုမပြုနိုင်သောအလှူရှင်များသည်လည်း အဘိုးအဘွားတွေ ရဟန်းသံဃာ၊ သီလရှင်၊ ယောဂီတွေရဲ့ ဆုတောင်းမေတ္တာပို့သပေးမှုတွေက အလှူရှင်အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ကိုယ်တိုင်လိုက်ပါလှူဒါန်းသူများနှင့်ထပ်တူထပ်များ အလှူရှင်များအားလုံးကို အမျှ အမ ျှ အမ ျှ ပေးဝေးငှပါတယ်.. ကုသိုလ်များကို ထပ်တူထပ်မ ျှရ၍ က ျန်းမာ ခ ျမ်းသာကြပါစေ.... အလှူငွေ ၃၀၀၀၀ဝ (က ျပ် သုံးသိန်း) နှင့် ဆန် ၁ဝ အိပ်၊ ဆီ ၁ဝ ပိသာပုံး ၃ ပုံး၊ စားဖွယ်များ၊ အချိုရည်၊ ဆောင်၊ တဘက်၊ မြန်မာဆေး/နိုင်ငံခြားဆေးများ၊ သာမိုမီတာများနှင့်သွေးပေါင်ချိန်ကိရိယာများစသည်ဖြင့် စုစုပေါင်းတန်ဖို့ ၁ဝ သိန်းခန့်အား လှူဒါန်းခဲ့ပါသည်။

0 Comments

Leave a comment