လှည်းကူးမြို့၊ အင်ကြင်းတောင်ရှိ မြန်မာ့စိမ်းလန်းမြေ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာလေးသို့ ဒုတိယအကြိမ်၊ တတိယအကြိမ်များအဖြစ် ၂-၁၀-၂၀၁၁ နှင့် ၁၈-၈-၂၀၁၂ နေ့များတွင်လည်း အဖွဲ့ကိုယ်တိုင်သွားရောက်၍သော်လည်းကောင်း၊ ပထမအကြိမ်သွားရောက်လှူဒါန်းစဉ်က လိုက်ပါပို့ဆောင်ပေးခဲ့သော လှည်းကူးမြို့၊ စာပူးတောင်းကျေးရွာ၊ ချမ်းမြေ့ရိပ်သာ ဆရာတော်မှတဆင့်လည်းကောင်း ထပ်မံလှူဒါန်းဖြစ်ခဲ့ပါသည်။ ဂေဟာမှာ အင်ကြင်းတောင် အမြင့်တစ်နေရာတွင်တည်ရှိသဖြင့် ရေအခက်အခဲများဖြစ်ပေါ်နေသဖြင့် အဝီစိတွင်းများ၊ ကလေးငယ်များအတွက် အဝတ်အထည်၊ ဆန်၊ ဆီ၊ ကျောင်းသုံးပစ္စည်းများနှင့် ဂေဟာအတွက်လိုရာအသုံးပြုရန် အလှူငွေများထောက်ပံ့လှူဒါန်းခဲ့ပါသည်။

0 Comments

Leave a comment